ပြောစရာ စကားများစွာကားရှိ၏
နားထောင်စေလိုသော သူကား မရှိ
ထို့ကြောင့် မပြောဖြစ်...
နားထောင်စေလိုသောသူကား ရှိ၏
သို့သော် ငါမပြောချင်
ထို့ကြောင့် မပြောဖြစ်....
မပြောဖြစ်သောကြောင့် ငါစိတ်ညစ်သည်
ထိုကဲ့သို့စိတ်ညစ်သောကြောင့်လဲ ငါမပြောဖြစ်
ဒီလိုနှင့် သူထွက်သွားသည်
ငါကတော့ ငါ့ကြိုးနဲ့ငါ ရှုပ်နေတုန်း
ဘယ်သူလာချည်သွားမှန်းတော့မသိဘူး
စိတ်တွေတောင် ပြုတ်ပြတ်ထွက်တော့မယ်
တင်းကြပ်နေလိုက်တာ
မှတ်ချက်။ ။ ပြင်ပအကူအညီတောင် လိုအပ်နိုင်သည်
Wednesday, November 7, 2007
ကိုယ်ပိုင်ကြိုးများ (၁)
Posted by
နှံကောင်
at
7:44 AM
Subscribe to:
Post Comments (Atom)

2 comments:
ကျွန်တော့်ကတော့ အဲဒီ့မပြောဖြစ်တဲ့ စကားတွေကို မြေမြုပ်ပြစ်လိုက်တာကြာပြီ...
လိုတာမရ ရတာမလိုဆိုတဲ့သဘောများလား...
ကြိုးတွေနဲ့တစ်ယောက်ထဲ ရူပ်နေတယ်ပေါ့...
ဟီး..နောက်တာ... good poem!
Post a Comment