ထီးတစ်ချောင်းနဲ့ငါ
မိုးရွာမလားလို့ စောင့်နေမိတယ်
အမှားတွေက လက်တစ်ကမ်းမှာ
ခပ်တိုးတိုးနဲ့ ရယ်နေတယ်
သစ်ရွက်ခြောက်တွေ ဘာလို့များကြွေနေပါလိမ့်
ဥသြရယ် အော်မယ့်အော်တော့လည်း
“မိုးကုန်ခဲ့တာကြာပေါ့ အရူးမလေးရယ်” တဲ့
ဒါနဲ့ပဲ ငါ ရူးသွားတယ်
Wednesday, November 7, 2007
ရူးသွပ်ခြင်း
Posted by
နှံကောင်
at
7:06 AM
Subscribe to:
Post Comments (Atom)

1 comment:
သနားစရာကောင်းတဲ့ကဗျာလေးပဲနော်..
ဖတ်ပြီးတော့ ၀မ်းနည်းသွားတယ်....
ကျွန်မလဲ အရူးဖြစ်ခဲ့ဘူးလို့ပါ
Post a Comment